Thursday, June 19, 2008

ABOUT LOVE

အချစ်စိတ်ဟာ .... .. .. .. .. . .. လူတစ်ယောက်ကို ..ခက်ထန်စေလား သိမ်မွေ့စေလားမာကျောစေလား နူးညံ့စေလားအေးစက်စေလား နွေးထွေးစေလားကြမးတမ်းစေလား ပျော့ပျောင်းစေလားအနိုင်ယူလိုစိတ်ရှိလား အရှုံးပေးလိုစိတ်ရှိလားပူလောင်စေလား အေးမြစေလားရင်မောစေလား ကျေနပ်စေလားအာဃာတထားတတ်လား စေတနာထားတတ်လားအငြိုးကြီးထတ်လား ခွင့်လွှတ်စေတတ်လားပိုင်ဆိုင်ခြင်းလား ပေးဆပ်ခြင်းလားရယူခြင်းလား စွန့်လွှတ်ခြင်းလား လျစ်လျူရှုလား ဂရုစိုက်တတ်လားနာကျင်စေလား ကြင်နာတတ်လားကလဲ့စားချေတတ်လား သင်ပုန်းချေတတ်လား မျက်နှာများတတ်လား သစ္ခာထားတတ်လားသံသယပွားတတ်လား ယုံကြည်စိတ်ချလားအရာရာကိုယ့်သဘောကျဖြစ်မှလား သူ့သဘောအတိုင်းဖြစ်စေမလားကိုယ်သေချာမသိဘူး.. ကိုယ်အတွက်တော့ ..မင်းပျော်နေတာမြင်ချင်တယ်မင်းရယ်နေရင်ကိုယ်ပျော်တယ်မင်းပြောသမျှကိုယ်နားထောင်မယ်မင်းဝမ်းနည်းတဲ့အခါ ကိုယ်နှစ်သိမ့်ပေးမယ်မင်းစိတ်ပျက်တဲ့အခါ ကိုယ်အားပေးမယ်မင်းစိတ်ဆိုးရင် ကိုယ်ချော့မယ်မင်းအနိုင်ယူလဲ ကိုယ်အရှုံးပေးမယ်ကိုယ်ဟာမင်းရဲ့အရိပ်ကလေးဘဲသွားလေရာမှအမြဲပါမယ်တစ်ခုဘဲရှိတယ်မင်းမချစ်တော့ရင်ကိုယ်ငိုမယ်.. .. .. .. .. သို့မှ .. .. .. အိန်ဂျယ်

No comments: