Tuesday, February 10, 2009

ZawGyi Keyboard Input method

This is written by Ko Ye Myat Thu from alpha computer.

http://www.alpha.com.mm/alphazawgyi2008/layout.html မှာ နောက်ဆုံးထုတ် စာရိုက်စနစ်ကို ဖော်ပြထားပါတယ်။ font နဲ့  keyboard ဟာသီးခြားစီဖြစ်တာကြောင့် ဘယ် font နဲ့ ဘယ် keyboard စနစ်ဖြစ်ဖြစ်သုံးနိုင်ပါတယ်။ အရင် အဟောင်းနဲ့ တတ်နိုင်သမျှမပြောင်းအောင် ဆောင်ရွက်ထားပေမဲ့  ။ သာမန် စာရိုက်သူများ စဉ်းစားပြီးစာလုံးရှာဖွေရလွယ်အောင် စာလုံး ၁လုံး ကို ခလုပ်တခုထဲမှာဘဲ ရှိရမယ် ဆို တဲ့ မူကို ချမှတ် ထားပါတယ်။ ဒါမှ တ =w ဆို တာ သိရင် န္တ တ္တ တွေ ကို w မှာဘဲ ထည့်ထားပါတယ်။ လူတွေ အလွတ်ရနေတဲ့  wininnwa အငွေ့ အသက်မပျေက်အောင်ျွှ ကို တော့ shift w မှာ ချန်ထားခဲ့ ပါတယ်။ စာလုံး၂ထပ်အတွက် အောက်ချkey ကို သုံးဖို့  1 ဘေးက ~ ကို မူလဇော်ဂျီလို ရွေးချယ်ခဲ့ ပြီး zawgyi key လို့ သုံးထားပေမဲ့  ဒါဟာ tide key (death key) ပါဘဲ သူကို နှိပ်ရင် ဘာမှ လောလောဆယ်ပေါ်မလာဘဲ နောက် key နဲ့ ပေါင်းမှ စာလုံးသစ်ထွက်မှာပါ။ w နှိပ်ရင် တ သူနှိပ်ပြီး w နှိပ်ရင် တအောက်က တ ဖြစ်တဲ့ တ္တ ကို ရေးနိုင် မှာဖြစ် ပြီး။ နအောက်က တ အတွက် shift အဲဒီ key + w တို ရင် န္တ ဖြစ်လာပါမယ်။ ဒီလို ဘဲ စဉ်းစားပြီး စာလုံးတွေ နှစ်ထပ်ပေါ်ချင်ရင် သုံးရမယ် ရိုက်နည်းကို ပြုလုပ်ထားတာပါ။ ဒါကြောင့် သနှစ်ထပ်ဖြစ်တဲ့  ဿ ကို zawgyi key + o မှာ ထည့် ပါတယ်။ မူလ က ဇော်ဂျီမှာ သုညနဲ့  ဝလုံးတူရာက ခွဲလိုက်တဲ့ အခါ 0 ဘေးမှာ ဝ တခု ထည့်ပေးပြီး မူလ shift +w နဲ့ သုံးသူတွေ အတွက် လဲ ဆက် သုံးခွင့်ပေးထားခဲ့ ပါတယ်။ ဏ ဃ ဌ တွေ ရဲ့  အောက် စာလုံး အတွက် သူ့ကို shift + နဲ့ နှိပ်ရသလို့  zawgyi key နှိပ်ပြီး shift+ သုံးရအောင် စီစဉ် ထားပါတယ်။ အကြမ်း အားဖြင့် key တခုကို ငါးမျိုးရိုက်နိုင်ပြီး ပေါ် မှာတွေ ကို အရောင်နဲ့ ခွဲပြထားခဲ့ ပါတယ်။
၁။ ရိုးရိုး ရိုက် --အနီရောင်
၂။ shift + ရိုက် -- အပြာရောင်
၃။ zawgyi key + key ရိုက် --- အနက်ရောင်
၎။ zawgyi key + shift + key ရိုက် --- ပန်းရောင်
၅။ shift + zawgyi key ပြီးမှ key ရိုက် --- အဝါရောင်
ဆို ပြီး စီစဉ်ထားပါတယ်။
နောက် မြန်မာစာ ထဲမှာ +-% စ တာတွေ ရိုက်ဖို့  English mode မပြောင်းဘဲ ] ကို tide key လုပ်ပြီး ရိုက်ဖို့  တိုးထားပါသေးတယ် ။ ပုံမှန် အကျင်ရပြီးသားတွေ ဆို မသုံးလဲရပါတယ်။
နောက် ထပ်ထည့်ပေးထားတာကတော့ web developer တွေ blogger တွေ ရဲ့ တောင်းဆို ချက်နဲ့ ထည့်ပေးထားတဲ့ ဘာမှပေါ်မလာတဲ့  ဘာမှ မရွေ့ တဲ့ နှိပ်မှန်းကို မသိတဲ့ ခလုပ်ပါ။ brake key လို အမည်ပေးထားတဲ့ storage မှာ zaro width space ( မရွေ့ တဲ့ space) ပါ။ စာလုံးတွေ ဖြစ်ပေးဖို့  စာလုံးပြီးတို င်း space ထည်ရင် ကျဲ ကုန်တာယ် မထည့်ရင် justify ခေါက် မဆင်းတာ က စ စာလုံးတွေ google က index လုပ်တာတွေမှာ မှန်ကန်အောင် Google မှာ မြန်မာလို ရိုက်ရှာရင် သေချာတွေ့ အောင် ထည့်ကြပါတယ်။ စက်ကဖြတ်ပေးတဲ့ စနစ် ကို ကြိုးစားနေကြပေမဲ့ အသံထွက်စာလုံးတလုံး ကို သာ ဖြတ်နိုင်ပြီး word ကို သိဖို ဖြတ်ဖို့  က ဝေးပါသေးတယ် နည်းပညာအပြင် corpus database ကြီးပါ လို လို့ ဖြစ်ပါတယ်။ ယိုးဒယား တောင် 100% မရေသေးလို့  ကျွန်တော်တို့  အချိန်တော်ကြာစောင့်ရဦးမှာပါ။ လောလောဆယ် စာလုံးကို web မှာ သိမ်းသူ ရိုက်သူတခါတည်း တတ်နိုင်သလောက် word ဖြတ်ထည့်ဖို့  တောင်းဆို တဲ့ developer တွေ blogger တွေ အတွက်ထည့်တာမို့  မသုံးလဲ အရေးမကြီးပါဘူး။ expert mode ဘဲပေါ့။ ဒါသုံးရဖို့  font အသစ်ရှိစရာလဲ မလို ပါဘူး ။ဖောင့်အသစ်မှာ ကမ္ဘာ ရေးတဲံ့ အောက် ဘ တလုံးဘဲတိုးပါတယ်။ အဓိက font မှာ ပြောင်းတာက ဇော်ဂျီကို pdf ပြောင်းရင် အရင် က အနေရာ မှာ A ပေါ်တာမျိုးတွေ စတဲ့  bug ကို ဘဲ ပြင်ထားပါတယ်။


This is written by Ko Ye Myat Thu from alpha computer.
http://www.alpha.com.mm/alphazawgyi2008/index.html
မှာ ဇော်ဂျီအသစ်ကို သွင်းရလွယ်အောက်လုပ်ပေးထားပါတယ်။ ၂၀၀၈ ဖောင့်အသစ်နဲ့ ကီးဘုတ်စနစ်အသစ်ကို သွင်းပေးတာပါ။ အဟောင်းသုံးလဲ ဘာမှမဖြစ်ပါဘူး keyboard အသစ်မှာ စာလုံး ဆင်းပေမဲ့ ခွဲပေမဲ့ space လို အလုပ်လုပ်ပေမဲ့ အမြင်မှာနေရာရွေ့ မသွားတဲ့ zaro width space ထည့်ပေးထားပါတယ် တချို့ web developer တွေရဲ့တောင်းဆိုချက်အရ google လို search engine တွေ မှာ မြန်မာလို ပိုရှာတွေ့ အောင်လို့ ပါ။
နောက် တခုက စာလုံတလုံးတွေ့ ချင်ရင် တနေရာထဲမှာဘဲ ရအောင်ရှာတွေ့ မဲ့ နေရာအထားအသိုပါ။ font အဟောင်းနဲ့လဲသုံးရပါတယ်။
ALPHAzawgyi တွေရဲ့ သဘောက font download ချ control panel က install လုပ် reginal and language ကနေ keyboard ထည့် တချို့ setting တွေ လို ရင်ပြင်ဆိုတာတွေ လုပ်စရာမလိုဘဲ ထည့်ပေးတာပါဘဲ။နောက်ပိုင်းမှာ font + keyboard သာမက IE ရဲ့ default ကို zawgyi ပြောင်းပြီး Google မှာ မြန်မာလိုရှာတာ gmail မြန်မာလိုတွဲသုံးတာတွေအတွက် css ရေးထည့်ပေးတာမျိုး လိုတဲ့သူ IE ပုံ ပါတဲ့ installer သုံးဖို့  windows မှာ folder,file name စတာတွေ မြန်မာလို ပေးဖို့  ပြောင်းပေးတာမျိုး ဖောင့် ၀ိုင်းအောင်လှအောင် clear type ပြောင်းတာမျိုး gtalk မှာ မြန်မာလို တခါတည်း chat ရအောင် default font ပြင်ပေးတာမျိုးကို သာမန်user တွေ လွယ်ကူအောင် ကူညီပေးတဲ့သဘောပါ။ ပြန်ဖျက်တဲ့စနစ်လဲထည့်ပေးထားပါတယ်။ မကြာခင် ဘယ် setup file ဘာတွေ အသေးစိတ်လုပ်တယ် အဲဒါမသုံးဘဲ လုပ်တတ်အောင်နဲ့ အကြိုက်ရင် ပြန်ပြင်ရလွယ်အောင် document တွေ ထည့်ပေးပါမယ် ။ လောလောဆယ် ယာယီ တင်ထားတာကို နောက်ပိုင်းမှာ www.alphazawgyi.net ကျု ပြောင်းပါမယ်။ လိုတာရှိရင် ပြောပေးကြပါ။ တတ်နိုင်သမျှအဆင်ပြေအောင် ဆောင်ရွက်ပေးပါရစေ ။ ဇော်ဂျီသုံးသူများကိုကျေးဇူးတင်ပါတယ်။

No comments: