Thursday, March 19, 2009

ကိုယ် ` မ ´ ကိုချစ်ချင်တာ


မင်းအသံကြားရင်ပျော်နေတတ်တဲ့ ကိုယ် ... မင်းနဲ့စကားမပြောရရင်မနေတတ်တဲ့နေတဲ့ကိုယ် .... မင်းနဲ့တွေ့ရမယ့်ရက်တွေကိုလက်ချိုးရေတွက်နေတဲ့ကိုယ် .... မင်းပုံရိပ်တွေကိုစိတ်ကူးနဲ့မှန်းဆနေရတဲ့ကိုယ် .... ဒီလို မင်းကိုချစ်ချင်နေတဲ့လူကို မင်းဘာလို့တားဆီးချင်ရတာလဲ ကိုယ် မင်းကိုချစ်ချင်တာက ....... ပူလောင်တဲ့ ၊ ပြင်းပြတဲ့အချစ်တွေနဲ့မဟုတ်ရပါဘူး ၊ အေးမြတဲ့ချစ်ချင်းတွေနဲ့စောင့်ရှောက်နေချင်တာပါ ... မတွေ့မမြင်ရပါဘဲ ရင်ထဲမှာဗြောင်းဆန်နေတဲ့ကိုယ့်ဘ၀ကို မသိချင်ယောင်မဆောင်လိုက်ပါနဲ့ကွာ ၊ မင်းလက်ထဲက ` သူငယ်ချင်း ´ ဆိုတဲ့ Keyboard လေးကိုလွှတ်ချလိုက်ပါတော့ .... နူးညံ့တဲ့နောက်ထပ် Keyboard တစ်ခု ကိုယ်အစားထိုးပေးပါ့မယ် .... ` မ ´ ရယ် ... ကိုယ်ရူးတော့မယ် ။ ။

No comments: