Wednesday, April 29, 2009

ရှင်သိတယ်မှတ်လို့။


လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျင်
ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေးရန်ဖြစ်သည်။
တစ်နှစ်ခန့်အကြာတွင်... ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို
စားပွဲပေါ်တင်သည်။ မိန်းမကမူ...တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက...
မကျေမနပ်မေးသည်။
'' မင်းကငါ့ကို... တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား''
''ရှင်အတော်... နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ...
ခြောက်လလောက်ရှိပြီ'

No comments: