Tuesday, May 5, 2009

အသဲကွဲ မှု နည်းဗျူဟာ (၁)



(ဂျစ်တူး)
အချစ် ကြောင့် လူတွေက ရယ်ကြတယ်၊ အချစ်ကြောင့်လူတွေက ငိုကြတယ်။ အချစ်က ကြီးမားသော အာအင်ပေးအပ်သတဲ့
ဒါကြောင့်လဲ အချစ်ကြောင့်အောင်မြင်တဲ့ စစ်ပွဲတွေ အများကြီးရှိခဲ့ကြသလို၊ အချစ်ဟာ ဘာကိုမှမလိုချင်မတောင့်တလောက်အောင်
စိတ်ဓါတ်ကျပြီး ကိုယ်အသက်ကိုတောင်သတ်သေခဲ့ကြတာတွေရှိခဲ့ကြတယ်လေ။
ဒါတွေဟာ အချိန်နဲ့အမျှပြောင်းလဲလာပေမဲ့ မပြောင်းလဲခြင်းတရားတွေပဲပေါ့။ အချစ်နဲ့ဝေးကွာတဲ့အခါ အချစ်က ဆန့်ကျင်ဘက်
အမုန်တရားတွေကို ပေးတဲ့အခါ အသဲကွဲခဲ့ရတယ်။
ဟုတ်တယ် အချစ်ရယ် မင်းကြောင့် ကိုအသဲကွဲခဲ့ရပါပြီ။ အသဲကွဲခြင်းဆိုတာ မင်းငါ့အနားကထွက်ခွာသွားပြီး
အခြားတစ်ယောက်နဲ့တွဲသွားခဲ့တဲ့နေ့ကပေါ့။
ကိုယ့်ရဲ့ မျက်လုံးနဲ့ မြင်ပြီး ကိုယ့်ရဲ့နားနဲ့ ကြားလိုက်ရတော့ .... ကိုယ်ဆိုတာ ရယ်တည်ရာမရအောင် တုန်လှုပ်သွားခဲ့ရပြီ။
အချစ်ရယ် ဒီမှာ.. ကြည့်လိုက်ပါဦး ကိုယ်ရဲ့နှလုံးခုန်သံတွေဟာ အပြင်ကတောင်ကြားနိုင်လောက်အောင် ဆူညံနေပြီး၊ ကိုယ်ရဲ့
သွေးတွေဟာလဲ အချိန်ပြင်းစွာ ခန္ဒာကိုယ်ထဲ ပြေးလွားနေရတယ်။ ကိုယ်အံကြိတ်ထားပေမဲ့ ရင်ထဲကပူလောင်လွန်းတော့ အလွမ်းတွေ
သောကတွေ ငွေ့ရည်ဖွဲ့ကာ ကိုယ့်မျက်ဝန်းက မျက်ရည်မိုးတွေရွာကျလာတယ်။
ဒါမိုးဟာ ငါ့အတွက်တော့ အလွမ်းမိုးပါ။ မင်းကတော့ ဒီမိုးစက်တွေအောက်မှာ အပြုံးလေးနဲ့ လက်တွဲပျော်မူးနေမှာပေါ့။
ဒီလိုနဲ့ ရင်ထဲက သောကတွေ၊ မင်း --- မင်းကို သတိရနေတဲ့စိတ်တွေကို မေ့ထားလိုက်ချင်လို့ အသဲကွဲသူတွေသွားနေကြ
အရက်ဆိုင်ထဲမှာကို ရောက်နေပါပြီး။
အချစ်ရယ် အရက်က ပူလဲ ပူတယ် ခါးလဲ ခါးတယ်နော် ဒါပေမဲ့ ကိုယ်မျက်လုံးအစုံကို မိတ်၊ ကြိတ်မိတ် မျိုချလိုက်တယ်။ ပူဆင်းသွားတဲ့
ရင်ထဲမှာဘာတွေဖြစ်ခဲ့သလဲကိုယ်မသိတော့ဘူးအချစ်ရယ်။ ကိုယ်နားထင်တွေ သွေးတိုးလို့ ကိုယ်မျက်လုံးတွေေ၀၀ါးကာ
မျက်နှာတစ်ခုလုံးထူအန်းနေတယ်။ ဒါပေမဲ့ အချစ်ရယ် ကိုယ်မျက်ဝန်းမှာ မျက်ရည်တွေကျဆဲပေါ့။
အရက်သောက်ရင် အရာရာကို မေ့လို့ရမယ်လို့ထင်ထားခဲ့တာ ကိုယ့်ခေါင်းထဲမှာမင်းပဲေ၀၀ါးနေတဲ့ မျက်ဝန်းထဲမှာ အရာအားလုံးဟာ
မင်းပဲဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ နောက်တစ်ခွက်ပြီး၊ တစ်ခွက်သောက်လိုက်တာ ကိုယ့်ရဲ့အသိတရားဟာ ကိုယ်နဲ့ကင်းလွတ်လိုက်
ပြန်ရလိုက်နဲ့ အချစ်ရယ် ..... ကိုယ်တော့ ကြေကွဲနေရပြီပေါ့။
အရာအားလုံးကို သိတချက်မသိတစ်ချက် ခံစားနေရပေမဲ့ ဘယ်သူမှမရှိတဲ့ အခန်းငယ်ထဲမှာ ဘယ်သူမှ အကြားတဲ့
မင်းကိုချစ်တဲ့အကြောင်းတွေ မင်းကိုလွမ်းတဲ့အကြောင်းတွေ မင်းမရက်ဆက်ဖို့အကြိမ်ကြိမ်တောင်းပန်ဆဲပေါ့။
ဒါပေမဲ့ အချစ်ရယ် မင်းကိုလွမ်းလို့ အရက်သောက်တယ်၊ အရက်ကလဲ သူသဘာဝ ကိုယ်ကို မူးဆေတယ် အလွမ်းတွေနဲ့
ခံစားချက်တွေ ခံပြင်းမှုတွေ့ကြောင့်ကိုယ်ဟာ အမှာတွေတစ်ခုပြီးတစ်ခုနဲ့ပေါ့။
ကိုယ်ကိုခွင့်လွတ်ပါတော့လို့ပဲ တောင်းပန်လိုက်ရပါတော့မယ်။ ကိုယ်ရဲ့အလွမ်းနေ့ရက်တွေကို ကြိုးစားကုရင်း ဘ၀ အသစ်ကို
ကိုယ်သွားတော့မယ် မင်းပျော်ရစ်ပါတော့ကွာ။

No comments: