Thursday, June 18, 2009

( သူ့အတွေးနဲ့ သူ )Thu Ah Tway naet Thu


အိုင်တီသမားတယောက် လမ်းကိုဖြတ်ကူးနေစဉ် ဖားတကောင်နှင့်တွေ့ရာ
ဖားက ရှင်-ကျွန်မကို နမ်းလိုက်ရင် ကျွန်မဟာ အလွန်လှပတဲ့ မင်းသမီးကလေးတပါးအဖြစ် ပြန်ပြောင်းသွားပါလိမ့်မယ်၊ အဲဒီလိုဆိုရင် ကျွန်မဟာ သီတင်းတပတ်ပြည့်အောင် ရှင်နဲ့အတူနေပါ့မယ်၊ ရှင်စေခိုင်းသမျှ အားလုံးလုပ်ကိုင် ဖြည့်ဆည်းပေးပါ့မယ်-လို့ ပြောလိုက်ပါတယ်၊

အိုင်တီသမားသည် ပြုံးပြီး ဖာကလေးကိုကောက်၍ သူ့အိတ်ထဲသို့ ထည့်ယူလာခဲ့ပါသည်၊
ဖားကလေးက ရှင်-ကျွန်မပြောတာ ကြားရဲ့လား၊ သီတင်းတပတ်တိတိ ရှင်ခိုင်းသမျှ ကျွန်မလုပ်ပေးမယ်ဆိုတာကို ရှင် ကြားရဲ့လား-ဟု ထပ်မံပြောလိုက်ပြန်သည်၊ အိုင်တီသမားက မသိကျိုးကျွန် ပြုနေသည်။

ဟေး-ရှင် ဘာလုပ်နေတာလဲ၊ လှပတဲ့ မင်းသမီးကလေးတပါး၊ သီတင်းတပတ်၊ ဒါဟာ မပစ်ပယ်နိုင်စရာပါ-ဟု ဖားက ထပ်မံပြောပြန်သဖြင့် အိုင်တီသမားက အောက်ပါအတိုင်း ပြန်ပြောလိုက်သည်။

ဒီမှာ-ကျုပ်က ကွန်ပျူတာကျွမ်းကျင်သူ တယောက်ပါ၊ ကျုပ်မှာ မိန်းကလေးသူငယ်ချင်း တယောက်အတွက် ပေးစရာအချိန် မရှိပါဘူး၊ ဒီတော့ စကားပြောတတ်တဲ့ ဖားကလေးရေ၊ စိတ်အေး လက်အေးသာ နေပေရော့။
Posted by: mingala

No comments: