Thursday, May 26, 2011

True Love " ချစ်"



ထွက်သွားပြီးတဲ့အခါ လမ်းကြုံရင်တောင်
မောင့်ဆီ ဝင်မလာပါနဲ့ " ချစ်"
မချစ်တော့လို့ လက်မခံတာ မဟုတ်ပါဘူး
" ချစ်" လေ့ကျင့်ပေးခဲ့တဲ့ မောင့်အသည်းက
နဲနဲ မာနေလို့ ပါ။
ရည်းစားများများမထားခဲ့ဘူးတော့
ရက်ရက်စက်စက် အသဲမခွဲတတ်ပေမယ့်
မောင် ရူးရူးမူးမူးချစ်တဲ့ " ချစ်" က
ဆရာတစ်ဆူဆိုတော့ ...
မောင် နဲနဲတော့ ရင့်ကျက်နေပါပြီ ။
အခုဆို မောင်မုန်းတဲ့ သူတွေကိုတောင်
ပြန်ပြုံးပြတတ်နေပြီလေ..
" ချစ် " ရဲ့ ဟန်ဆောင် အပြုံးလေးတွေ
မောင် သင်ခဲ့ဖူးလို့ပေါ့နော်.။
လမ်းမှာတွေ့ တဲ့အခါ
တစ်ယောက်နဲ့တစ်ယောက် မသိသလို
ကိုယ်စီဟန်ဆောင် အပြုံးလေးတွေနဲ့
ခေါင်းညိမ့်ပြကြတာပေါ့.. " ချစ်" ..ရယ်

No comments: