Tuesday, June 7, 2011

MogKok SayarDaw Pha ThisaThamoutPatt (ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ

Jul 16, 2011



(လင်္ကာဆောင်ပုဒ်) = မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။
Begining with the two origins, helped by two truths and twelve factors,in four strata, particcasamuppada begins turning the whell of life in three links bringing about three consequences in three periods with eventual occurrences of twenty. Trying to understand and accepting the truth of paticcasamuppada will deliver one to freedom from samsara.= endless cycle of deaths and rebirths.

အဝိဇ္ဇာနှင့် တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင်မှမျိုး၊
မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ - သိကြား၊
စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တဝါတို့၊ ဖြစ်လာရမှု၊ မဟုတ်ဟု၊
ဉာဏ်ဖြင့်ရှု၍မျှော်။
Depending on tgnorance and craving, the root causes ( the sourses ) grasping , deeds as causes corporeality ( matter ) and Foure senses follow As from the tree (plant) to the fruit (seed) and from the fruit to the tree goes the process (link) without interruption. So deeds as causes senses corpereality appear and senses and corporeaity as causes again Deeds surface (arise) continuously. Up mentiomed exit not because of the creation of Brahma or Devas so are the human being Devas and other living beings keep you all myndfully not being created.

ခန္ဓာ (၅) ပါး
Five Aggregates

၁။ ရူပက္ခန္ဓာ … … ဖောက်ပြန်မှု သဘောတရားအစု (ရုပ် - ၂၈ ပါး)
(Matter) substance or things of a particular type. The Physical body is not stable and impermanent.(aggregate)(chngeable, on motion).
၂။ဝေဒနာက္ခန္ဓာ … … ကောင်း၊ မကောင်း ခံစားမှု သဘောတရားအစု (ဝေဒနာ)
(Feeling) when you feel something physical. Pleasant and unpleasant feeling (aggregate).
၃။သညာက္ခန္ဓာ … … မှတ်သားမှုသဘောတရားအစု (သညာ)
(Perception) a belief or opinion, often held by many people and based on how things seem. Differentiate by knowing.
၎။သင်္ခါရက္ခန္ဓာ … … ပြုပြင်မှုသဘောတရားအစု (စေတသိက် - ၅၀)
(Mental Formation) mental= relating to the mind, or involving the process of thinking the way something is naturally made or the way it has been arranged
၅။ဝိညာဏက္ခန္ဓာ … … သိမှု သဘောတရားအစု (စိတ်)
(Consciousness) the state of understanding and realising something

ဓာတ် (၁၈) ပါး
Element (18)
အာယတန (၁၂) ပါး

အခံဓာတ် (၆) ပါး အတိုက်ဓာတ်(၆) ပါး အပွင့်ဓာတ် (၆) ပါး
6 INTERNAL BASES 6 EXTERNAL BASES 6 EFFECT

(Receptivemess) (Impact) Consciousness
1.The pupil Image,visibleform,Object of seeing
၁။ မျက်စိအကြည် ၁။ အဆင်း ၁။ မြင်စိတ်

2.Ear Drum Sound Consciousness of hearing
၂။ နားအကြည် ၂။ အသံ ၂။ ကြားစိတ်

3.Smelling sensory Smell / Odour Consciousness of smelling
၃။ နှာခေါင်းအကြည် ၃။ အနံ့ ၃။ နံစိတ်

4.Taste gland Taste / Flavour Consciousness of Taste
၎။ လျှာအကြည် ၄။ အရသာ ၄။ စားစိတ်

5.Physical membrane Contactness Consciousness of Touch
၅။ ကိုယ်အကြည် ၅။ တွေ့ထိစရာ ၅။ ယားနာကောင်းစိတ်

6.Conscious mind Material, Ideational Object, Mind consciousness
Ideas, memories of past Insight, Kmowledge,
experience etc Think over, Recollection
၆။ စိတ် (ဘဝင်စိတ်) ၆။ ကြံတွေးစရာ ၆။ တွေးတောစိတ်

သစ္စာ (၄) ပါး

၁။ ဒုက္ခသစ္စာ … ဆင်းရဲခြင်းအမှန်တရား၊ဖြစ်ဒုက္ခ-ပျက်ဒုက္ခ ပိုင်းခြားသိရမည့်တရား။
The Nature of Suffering (or Dukkha):
"This is the noble truth of suffering: birth is suffering, aging is suffering, illness is suffering, death is suffering; sorrow, lamentation, pain, grief and despair are suffering; union with what is displeasing is suffering; separation from what is pleasing is suffering; not to get what one wants is suffering; in brief, the five aggregates subject to clinging are suffering."[5][6]
၂။ သမုဒယသစ္စာ … ဒုက္ခဖြစ်ကြောင်းအမှန်တရား၊(တဏှာ-လောဘ) ပယ်ရမည့်တရား။
Suffering's Origin (Dukkha Samudaya):
"This is the noble truth of the origin of suffering: it is this craving which leads to renewed existence, accompanied by delight and lust, seeking delight here and there, that is, craving for sensual pleasures, craving for existence, craving for extermination."[5][6]
၃။ နိရောဓသစ္စာ … ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန် (နိဗ္ဗာန်) မျက်မှောက်ပြုရမည့်တရား။
Suffering's Cessation (Dukkha Nirodha):
"This is the noble truth of the cessation of suffering: it is the remainderless fading away and cessation of that same craving, the giving up and relinquishing of it, freedom from it, nonreliance on it."[5][6]
၎။ မဂ္ဂသစ္စာ … ဒုက္ခသစ္စာ၏ ချုပ်ကြောင်း၊ သမုဒယသစ္စာကိုပယ်ကြောင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုကြောင်း၊
အကျင့်မှန်တရား (မဂ္ဂင် ၈ ပါး ) ပွားများရမည့်တရား။
The Path Leading to the Cessation of Suffering: (Dukkha Nirodha Gamini Patipada Magga)
"This is the noble truth of the way leading to the cessation of suffering: it is the Noble Eightfold Path; that is, right view, right intention, right speech, right action, right livelihood, right effort, right mindfulness and right concentration."[7][8]


လောကီမဂ္ဂင် (၅) ပါး ရှုဉာဏ်တရား
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ -ပညာမဂ္ဂင် (၂) ပါး ။(Wisdom)
မှန်စွာနားလည် (နား) Right understanding မှန်စွာတွေးခေါ် (တွေး) Right Thinking
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ -သမာဓိမဂ္ဂင် (၃) ပါး ။(Concentration)
မှန်သောဝီရိယ (၀ီ) Right Effort မှန်သောသတိ (တိ) Right Mindfulness မှန်သောသမာဓိ (ဓိ) Right Concentration

The five wisdoms to obtain when meditate
1.The right view, ( Right understanding ) မှန်စွာနားလည်
2.Right Aspiration ( Right thought ) မှန်စွာတွေးခေါ်
3.Right Diligence or Right effort, or Right Exertiom. မှန်သောဝီရိယ
4.Righr mindfulness မှန်သောသတိ
5.Right Concentration. မှန်သောသမာဓိ
လောကုတ္တရာ မဂ္ဂင် (၈) ပါး
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ - ပညာမဂ္ဂင် (၂) ပါး ။
မှန်စွာနားလည် မှန်စွာတွေးခေါ်
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ - သမာဓိမဂ္ဂင် (၃) ပါး ။
မှန်သောဝီရိယ မှန်သောသတိ မှန်သောသမာဓိ
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ - သီလမဂ္ဂင် (၃) ပါး ။(Morality)
မှန်စွာပြော (ပြော) Right Speech မှန်စွာပြုလုပ် (ပြု) Right Action မှန်စွာအသက်မွေး (မွေး)့ Right Live LiHood

စိတ္တာနုပဿနာ ရှုပွားနည်း

အပြင်ဧည့်သည်စိတ် (၆) ခု အတွင်းဧည့်သည်စိတ် (၅) ခု

၁။ မြင်စိတ် ၁။ လောဘစိတ်

၂။ ကြားစိတ် ၂။ ဒေါသစိတ်

၃။ နံစိတ် ၃။ မောဟစိတ်

၎။ စားစိတ် ၄။ အလောဘစိတ်

၅။ ယား၊ နာ၊ ကောင်းစိတ် ၅။ အဒေါသစိတ်
၆။ တွေးတောစိတ်

၁။ လေကိုထုတ်သောစိတ် ၂။ လေကိုသွင်းသောစိတ် အိမ်သည်စိတ် ၂-ခု။

ရှုပွားပုံရှုနည်းစနစ်မှာ - အိမ်သည်စိတ် (၂) ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊

ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင် ရှုရမည် ဖြစ်ပါသည်။


ဝေဒနာနုပဿနာ ရှုပွားနည်း

စိတ်နှင့်ဝေဒနာသည် ဖြစ်အတူ ပျက်အတူ သဟဇာတ တရားများ ဖြစ်သည်။

အပြင်ဧည့်သည် ဝေဒနာ (၆) ခု

၁။ ဥပေက္ခာ ဝေဒနာသည် … မျက်လုံးမှာ ပေါ်သည်။

၂။ ဥပေက္ခာ ဝေဒနာသည် … နားမှာ ပေါ်သည်။

၃။ ဥပေက္ခာ ဝေဒနာသည် … နှာခေါင်းမှာ ပေါ်သည်။

၎။ ဥပေက္ခာ ဝေဒနာသည် … လျှာမှာ ပေါ်သည်။

၅။ သုခ ဝေဒနာသည် … ကိုယ်ပေါ်မှာ ပေါ်သည်။

၆။ ဒုက္ခ ဝေဒနာသည် … ကိုယ်ပေါ်မှာ ပေါ်သည်။

အထက်ပါဝေဒနာများကို အပြင်ဧည့်သည် (၆) ခုဟု ခေါ်သည်။

အတွင်းဧည့်သည် ဝေဒနာ (၃) ခု

၁။ သောမနဿ ဝေဒနာသည် … စိတ်မှာ ပေါ်သည်။

၂။ ဒေါမနဿ ဝေဒနာသည် … စိတ်မှာ ပေါ်သည်။

၃။ ဥပေက္ခာ ဝေဒနာသည် … စိတ်မှာ ပေါ်သည်။

အထက်ပါဝေဒနာများကို အတွင်းဧည့်သည် (၃) ခုဟု ခေါ်သည်။

အိမ်သည် ဝေဒနာ (၃) ခု
၁။ သားရေး၊ သမီးရေး၊ စီးပွားရေးမှစ၍ အရပ်ရပ် အဆင်ပြေနေသောအခါ (ဝင်လေ-ထွက်လေကို)

သောမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။

၂။ သားရေး၊ သမီးရေး၊ စီးပွားရေးမှစ၍ အရပ်ရပ် အဆင်မပြေသည့်အခါ (ဝင်လေ-ထွက်လေကို)

ဒေါမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။

၃။ တစ်ခါတစ်ရံ (ဝင်လေ-ထွက်လေကို) သောမနဿလည်းမဟုတ်၊ ဒေါမနဿလည်း မဟုတ်၊

ဥပေက္ခာဝေဒနာနှင့် အမှတ်မထင် ရှူရှိုက်နေသည်။

အထက်ပါဝေဒနာများကို အိမ်သည်ဟု ခေါ်သည်။

ဝေဒနာနုပဿနာ ရှုရာ၌ ပေါ်သည့်အချိန်၊ ပေါ်သည့်နေရာကို စောင့်၍ ရှုရမည် ဖြစ်သည်။ ဝေဒနာ သည် ဒွါရ (၆) ပေါက်၌ အမြဲဖြစ်နေသည်။ မဖြစ်သည့်အခါမရှိ၊ ဖဿ ဖြစ်တိုင်းဝေဒနာ ဖြစ်သည်။ ဝေဒနာကိုရှုရာ၌ နာမှ ကျင်မှ ဝေဒနာမဟုတ်ပါ။ နာမှုကျင်မှု မခံသာသည့်ဝေဒနာရှိသလို၊ နာမှု ကျင်မှု ပျောက်ကင်းပြီး ခံသာသည့် ဝေဒနာလည်းရှိသည်။ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်းမဟုတ်၊ အလယ်အလတ် အမှတ်မဲ့ ခံစားမှု ဝေဒနာမျိုးလည်းရှိသည်။ စိတ်နှင့်ဝေဒနာသည် သဟဇာတ တရားဖြစ်၍ စိတ်ဖြစ်တိုင်း ဝေဒနာဖြစ်သည်။ ဝေဒနာသည် ပေါ်လည်းပေါ်သည်၊ ပျက်လည်းပျက်သည်၊ ဝေဒနာနှင့်ငါ - မရောစေနှင့်၊ ဝေဒနာ ခွာ၍ အနိစ္စမြင်အောင်ကြည့်၊ အနိစ္စတွေ့မှ လမ်းမှန်ကျမည်။

(ဤကား အကျဉ်းချုပ်သိရုံမျှသာ ဖြစ်သည်။)

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာနှင့် ပူးတွဲ၍ ကြည့်ရှုလေ့လာပါ။

စရိုက်နဲ့ ကမ္မဋ္ဌာန်း

၁။ ရာဂစရိုက်အားကြီးသူဟာ စက်ဆုတ်ဖွယ် အကောင်ပုတ်လို့ ရှုရတဲ့ အသုဘ ကမ္မဋ္ဌာန်း ၁၀ပါးနဲ့ ဆံပင်အမွေး ခြေသည်းလက်သည်း စတဲ့ ၃၂ကောဋ္ဌာသကို ရှုဆင်ခြင်ရတဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းဆယ့်တစ်ပါးထဲက သင့်လျော်ရာ တစ်ပါးပါးကို ပွားများပါးများလာရင် ရာဂမီးကို ငြိမ်းအေးစေနိုင်ပါတယ်။
၂။ ဒေါသစရိုက် အားကြီးသူဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကမ္မဋ္ဌာန်းများနဲ့ နီလကသိုဏ်း (အညိုရောင်အဆင်း)၊ ပီတကသိုဏ်း (ရွှေရောင်အဆင်း)၊ လောဟိတကသိုဏ်း (အနီရောင်အဆင်း)၊ သြဒါတကသိုဏ်း (အဖြူရောင်အဆင်း) ဆိုတဲ့ ကမ္မဋ္ဌာန်း ၈ပါးကို ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းများဟာ သန့်ရှင်းကြည်လင်တဲ့အတွက် အာရုံပြုပွားများသူများကို စိတ်ရွှန်လန်းပြီး နူးညံ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသစရိုက်အားကြီးတဲ့သူဟာ ဒီကမ္မဋ္ဌာန်း ဂပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။
၃/၄။ မောဟစရိုက်နဲ့ ၀ိတက်စရိုက်ရှိသူများဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပေးနိုင်ပါတယ်။ မောဟစရိုက်ရှိသူဟာ သံသယနဲ့ ပျံ့လွင့်ခြင်းတို့ အဖြစ်များတဲ့အတွက် အလွယ်တကူ စိတ်ပျံ့လွင့် တုန်လှုပ်တတ်ပြီး ၀ိတက်စရိုက်ရှိသူဟာလည်း စိတ်ကူးအကြံအစည် များတဲ့အတွက် စိတ်ပျံ့လွင့်လွယ်တတ်ပါတယ်။ အာနာပါနဿတိ ကမ္မဋ္ဌာန်းဟာ ထွက်သက်ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ပေးရတဲ့အတွက် တုန်လှုပ်ပျံ့လွင့်တဲ့စိတ်ကို ချုပ်ထိန်းပေးထားနိုင်ပါတယ်။ ဒါကြောင့် ဒီမောဟစရိုက်နဲ့ ၀ိတက်စရိုက် ရှိသူဟာ အာနာပါနကမ္မဋ္ဌာန်းကို အထူးပြု ပွားများသင့်ပါတယ်။
၅။ သဒ္ဓါစရိုက်ရှိသူဟာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးကို ပွားများပေးရပါတယ်။ ပင်ကိုက ကောင်းနေတဲ့ သဒ္ဓါတရားဟာ ဘုရားတရားသံဃာ စတဲ့အာရုံများနဲ့ ကြုံတွေ့ရပါက ပို၍ဖွင့်ဖြိုး တိုးတက်လာပြီး အကျိုးတရား တိုးပွားစေပါတယ်။ ဒါကြောင့် ကောင်းပြီးသားစရိုက်ကို ပိုကောင်းလာအောင် ဒီသဒ္ဓါစရိုက် ရှိတဲ့သူဟာ ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။
၆။ ပညာစရိုက်ရှိသူဟာ သိမ်မွေ့နက်နဲတဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်း၊ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၊ အစာအဟာရမှာ စက်ဆုတ်ဖွယ်လို့ ထင်မြင်အောင် ပွားများတဲ့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းနဲ့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောလို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆင်ခြင်တဲ့ စတုဓာတု၀၀တ္ထာန ကမ္မဋ္ဌာန်းကို ပွားများပေးရပါတယ်။ ပင်ကိုက စဉ်းစားချင့်ချိန်တတ်တဲ့ ပညာဟာ သိမ်မွေ့နက်နဲတဲ့ အာရုံနဲ့ ကြုံတွေ့တဲ့အခါ ပိုပြီးနက်နက်နဲနဲ စဉ်းစားဆင်ခြင်တဲ့အတွက် ဉာဏ်ပညာတိုးပွား ထက်မြက်လာတတ်ပါတယ်။ ဒါကြောင့် ပညာစရိုက်အားကြီးတဲ့သူဟာ မရဏာနုဿတိ စတဲ့ ကမ္မဋ္ဌာန်းများကို ပွားများပြီး ဉာဏ်အဆင့်တိုးပွားအောင် ကြိုးစားသင့်ပါတယ်။


ပဋိစ္စသမုပ္ပါဒ် အနုလုံပါဠိ

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊
ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ၊သောက ပရိဒေဝ ဒုက္ခ
ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

ပဋိစ္စသမုပ္ပါဒ် ပဋိလုံပါဠိ

အဝိဇ္ဇာယ တွေဝအသေသ ဝိရာဂ နိရောဓာ သင်္ခါရနိရောဓော၊သင်္ခါရနိရောဓာ ဝိညာဏနိရောဓော၊

ဝိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ

ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရော

ဓာ ဥပါဒါနနိရောဓော၊ ဥပါဒါနနိရောဓာ ဘဝနိရောဓော၊ ဘဝနိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ

ဇရာမရဏံ၊ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခ

က္ခန္ဓဿ နိရောဓော ဟောတိ။

၁။ မူလနှစ်ဖြာ … … အဝိဇ္ဇာ၊ တဏှာ။

၂။ သစ္စာနှစ်ခု … … သမုဒယသစ္စာ၊ ဒုက္ခသစ္စာ။

၃။ လေးခုအလွှာ … … အတိတ်အကြောင်းတစ်လွှာ၊ ပစ္စုပ္ပန်အကျိုးတစ်လွှာ။

ပစ္စုပ္ပန်အကြောင်းတစ်လွှာ၊ အနာဂတ် အကျိုးတစ်လွှာ။

၎။ အင်္ဂါတစ်ဆယ့်နှစ်ပါး … … အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ် , နာမ်ရုပ်, သဠာယတန, ဖဿ,

ဝေဒနာ, တဏှာ, ဥပါဒါန် ,ဘဝ ,ဇာတိ , ဇရာမရဏ။

၅။ သုံးပါးအစပ် … … သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ ဝေဒနာနှင့် တဏှာတစ်စပ်၊ ကမ္မဘဝနှင့် ဇာတိ

တစ်စပ်။ ။ တစ်နည်း အတိတ်အကြောင်းနှင့် ပစ္စုပ္ပန် အကျိုးတစ်စပ်၊

ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း၊ သို့မဟုတ် အနာဂတ်ဖြစ်ကြောင်း တစ်စပ်၊

ပစ္စုပ္ပန်အကြောင်း၊ သို့မဟုတ် အနာဂတ်ဖြစ်ကြောင်းနှင့် အနာဂတ်အကျိုးတစ်စပ်။

၆။ ဝဋ်သုံးဝနှင့် … … ကိလေသဝဋ်သုံးပါး … အဝိဇ္ဇာ တဏှာ ဥပါဒါန်

ကမ္မဝဋ်နှစ်ပါး … သင်္ခါရ ကမ္မဘဝ

ဝိပါကဝဋ်ရှစ်ပါး … ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ
ဇာတိ
ဝေဒနာ ဇရာမရဏ
ဥပပတ္တိဘဝ

မှတ်ချက် (ဖြစ်စဉ် - ဇာတိ၊ ဥပပတ္တိဘဝ၊ ဇရာမရဏ၊ ဟောစဉ် - ဇာတိဇရာမရဏ ဥပပတ္တိဘဝ)

၇။ ကာလသုံးဖြာ … … လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊

နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။
၈။ ခြင်းရာနှစ်ဆယ် … …

အတိတ်အကြောင်းအခြင်းအရာ ငါးပါး … (အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ)

ပစ္စုပ္ပန်အကျိုး အခြင်းအရာ ငါးပါး … (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ)

ပစ္စုပ္ပန်အကြောင်း အခြင်းအရာ ငါးပါး … (တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ)

အနာဂတ်အကျိုး အခြင်းအရာ ငါးပါး … (ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ)
1.The two sourses ( Ignorance and craving ), the twofold ultimate Truths, the four-fold layers, the twelve elements , the embodiments of the Dhamma and the three links, the two original ( Craving, Ignorance ) defilements , the three Vattas ( Round ) the three periods the twelve fulfilments of these Eight-folds. try ye to know and learn contemplating thy inner self, which verily is the only exit, from the circle of Rebirth.

No comments: