Tuesday, February 10, 2009

Gtalk မှာInvisibleကိုရှာခြင်း

Gtalk မှာInvisibleကိုရှာခြင်း Dec 6, '08 2:21 PM
for everyone

ကျွန်တော်ဒီအကြောင်းအရာကိုတင်ရခြင်းကတော့မသိတဲ့ သူများအတွက် ရည်ရွယ်ပြီးတင် ပေးခြင်းဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လဲ
မသိပါဘူး။အခြား သိတဲ့သူတွေလည်းရှိမှာပါ။ဒီနည်းလေးကို ကျွန်တော်ဒီနေရာကနေတွေ့လို့တင် ပေးလိုက်ခြင်းဖြစ်ပါတယ်။သိပြီးသားဆိုရင်တော့ ဖြည့်စွက်ဆွေးနွေးပေးဖို့တောင်းဆိုချင် ပါတယ်။ကဲ စဆွေးနွေးကြ ရအောင်ဗျာ။
အလွယ်တကူမှတ်နိုင်အောင် ကျွန်တော်ပုံလေးတွေ နဲ့ရှင်း ပြပေးသွားပါ့မယ်။ပထမဆုံးgtalk ဖွင့်မယ်။ပုံအတိုင်းပေါ့ဗျာ....


gtalkမှာအခြားတစ်ယောက်ကinvisibleနဲ့သုံးနေလားဆိုတာသိချင်တယ်ပေါ့။ဥပမာ…ကိုယ့်ချစ်သူပေါ့ဗျာ(အခြားတစ်ယောက်နဲ့ခိုးချက်နေတယ်ပေါ့)
ကဲဒါဆိုရင်သူ့ကို search all contactsမှာ သူ့နစ်ကို ရိုက်ပြီးရှာမယ်။ဥပမာ-ကျွန်တော်ကလူတစ်ယောက်ကိုinvisibleဖြစ်လားမဖြစ်လား
ကိုသိချင်တယ်ဆိုပါစို့။သူ့နစ်ကိုရှာပြီး gtalk boxဖွင့်လိုက်တယ်။ပုံအတိုင်းပေါ့ဗျာ….

ပြီးရင်အနီဝိုင်းထားတဲ့go off the recordနေရာကိုသွားမယ်. .ပြီးရင်စာရိုက်လိုက်ပေါ့“hi”လို့ရိုက်လိုက်။အောက်ကအပြာဝိုင်းထားတဲ့

စာသားအတိုင်းပေါ်နေတယ် ဆိုရင်တော့ သူတစ်ကယ် offlineဖြစ်တာ သေချာတယ်။

အကယ်လို့စာရိုက်လိုက်တဲ့အချိန်မှာ ဘာမှresponce ပြန်မလားဘူးဆိုရင်တော့ သေချာပြီ။အဲဒီလူonline ရှိပြီး “invisible”လုပ်ထားတာ။အောက်မှာကျွန်တော်ပြထားတဲ့ပုံအတိုင်းပေါ့ဗျာ။ဘာစာသားမှပြန်မတက်လာဘူး။


ကဲလက်တွေ့ စမ်းသပ်ကြည့်ပါ။အားလုံးပဲအဆင်ပြေပါစေဗျာ…

ကရင်လေး from
(www.myanmarengineer.org)



Tags: ခွန်တွင်းစ် kontwins
Prev: G-talk မှာ အလိုလျောက် ဘာသာပြန်ပေးတာရှိတယ်

No comments: