Friday, February 6, 2009

ရဟန်းနှင့်သံဃာ ကွဲပြားပုံ ချမ်းသာအစစ် ဆီမီးကိုရှာ

ရဟန်းနှင့်သံဃာ ကွဲပြားပုံ
ဓမ္မဒါနပြုသည် - ဟိန်း

ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်းဟုခေါ်၍ လေးပါးနှင့်လေးပါးမှ အထက်ကိုသံဃာဟုခေါ်ပါသည် ။
သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု
မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊
အရှင်မဟာကဿပ မှစ၍ သာသနာတစ်လျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှား ရှိသော
ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည် ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟု
ဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတစ်ပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ ၊ သံဃဿဒေမဟု
ဆို၍လှူရင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည် ။ ထို့သို့သံဃာတော် အားလုံးကို
အာရုံပြု၍ လှူရာ၌ ဒုဿီလ ၊ အလဇ္ဇီဟူ၍မရှိတော့ပါ ။ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား
လှူဒါန်းပူဇော်တက်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည် ။

ချမ်းသာအစစ်
ဓမ္မဒါနပြုသည် - ဟိန်း

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသော ချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာတို့သည် ဒုက္ခသစ္စာနယ် (ဖြစ်ပေါ်ခြင်း ချုပ်ပျောက်ခြင်း တို့က အစဉ်ထာဝရနှိပ်စက်သောနယ်) ထဲတွင်သာ ခံစား နေရပြီး သုံးဆယ့်တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတုဖြစ်သည်။- နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှုအပြည့် ဒုက္ခအားလုံးချုပ်ဆုံးခြင်း သံသရာမှ လွတ်မြောက်ခြင်း ) သည်သာလျှင် မဟာသန္တိ သုခ ချမ်းသာအစစ် ဖြစ်ပေသည်။

ဆီမီးကိုရှာ
ဓမ္မဒါနပြုသည် - ဟိန်း

အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေသူများ
ဖြစ်လျက် အဘယ်ကြောင့် ပျော်မြူးရယ်ရွှင်ခြင်း ဖြစ်ဘိ
သနည်း ။ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိ
သနည်း ။

အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီးနေသူများ ဖြစ်ပါလျက်
အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးကို မရှာဘဲ
နေကြကုန်သနည်း ။



(ရှင်တော်ဗုဒ္ဓ)

No comments: