Wednesday, March 11, 2009

လူ့ဘ၀ရခဲခြင်းနှင့်သံသရာရှည်လှပုံ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက လူ့ဘ၀ရခဲခြင်းကို ဒုလ္လဘတရားငါးပါး ဖြင့် ဆုံးမတော်မူခဲ့သည်။
(၁) ဘုရားနှင့်မီဖို့၊ ဘုရားရှင်၏သာသနာတော်အတွင်း ကျရောက်ဖို့ ခဲယဉ်းခြင်း၊
(၂) သူတော်ကောင်းတရားကိုကြားနာဖို့၊ ထောင်နိုင်သော နားရှိဖို့ လွန်စွာခဲယဉ်းခြင်း၊
(၃) လူသားအဖြစ်ရဖို့ ခဲယဉ်းခြင်း၊
(၄) ယုံကြည်ထိုက်သော တရားများကို ယုံဖို့ခဲယဉ်းခြင်း၊ မယုံကြည်ထိုက်သော အမွေတွေကို ယုံဖို့ လွယ်ကူခြင်း၊
(၅) ရဟန်းအကျင့်ကိုကျင့်ဖို့ ခဲယဉ်းခြင်း။

အပါယ်(၄)ပါးတွင် ပြိတ္တာ၊ ငရဲ၊ တိရစ္ဆာန်၊ အသူရကာယ်သည် အကျိုးတရားလေးပါးဖြစ်ပြီး အကြောင်းတရားလည်း လေးပါးရှိပါသည်။ လောဘကြောင့် ပြိတ္တာဖြစ်သည်။ ဒေါသကြောင့် ငရဲရောက်သည်။ မောဟ ကြောင့် တိရစ္ဆာန်ဖြစ်ပြီး၊ မာနကြောင့် အသူရကာယ်ဖြစ်သည်။ ထိုအကြောင်းတရားတွေ လုပ်နေသမျှကာလပတ်လုံး အပါယ်ဘေးက လွတ်မည်မဟုတ်။ ထိုအကြောင်းတရားများကို ပတ်သက်ဖို့ ဒါန၊ သီလ၊ သမထလောက်နှင့်မဖြစ်နိုင်ပေ။ ထိုသုံးမျိုးကို လုပ်နေသမျှ ကံအကျိုးပေးကိုရပြီး ကံလမ်းသာလျှင် ဖြစ်သည်။ဝိပဿနာ ဘာဝနာကတော့ ဉာဏ်လမ်းဖြစ်ပြီး လုပ်သလောက် တက်ပါ သည်။ ယနေ့ ဗုဒ္ဓဘာသာဝင် အများစုသည် ဒါန၊ သီလ၊ သမထ ဘာဝနာကို လုပ်ကြပါသည်။

သို့သော် ၀ိပဿနာ ဘာဝနာမှာ အလှမ်းဝေးနေတာကို တွေ့ရပါသောကြောင့် ယနေ့ ၀ိပဿနာကို အလေးအနက်ဟောခြင်းဖြစ်ပါသည်။ မြေကြီးကနေ တာဝတိံသာအထိ ပုံပြီး လှူ၊ သီလကို ကြိုက်သလောက် ထိန်း၊ သမထကိုလည်း မြေလျှိုး၊ မိုးပျံ ကြိုက်သလောက်ကျင့်၊ ဒါတွေလုပ်လို့ အပါယ်က လွတ်ပါတယ်လို့ ပြောလျှင် မှားပါသည်။
ဝိပဿနာမလုပ်သေးလျှင် အပါယ်သို့ ကျရောက်နိုင်သေးကြောင်း ထင်ရှားလွန်းလှသဖြင့် သတ္တ၀ါအားလုံးတို့အား ၀ိပဿနာ ဘာဝနာ အကျင့်ကို အမြန်ဆုံး ကျင့်ကြရန် တိုက်တွန်းခြင်းဖြစ်ပါသည်။
Copy from http://www.theravada-3p.org/apal-kya-youk-pone.htm

No comments: