Thursday, March 12, 2009

ဗြဟ္မစိုရ်တရား(၄)ပါး

တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။ ပြိုင်မယ့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ့်အောက်နိမ့်လျှင် ကရုဏာဝင်၊ မ၀င်နိုင်ကနိုင်တတ် တယ်။ နိုင်မယ့်အစား ကရုဏာထား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

ကိုယ်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်နိုင်ကယိုင်တတ် တယ်။ ယိုင်မယ့်အစား မုဒိတာ ပွား၊ စိတ်ထားပြုပြင်ပြောင်း ပါ့မယ်။

သဗ္ဗေသတ္တာသတ္တ၀ါ ကံသာမူလပိုင်ကြတယ်။ (ဥပေက္ခာ)ရုပ်ကိုလည်းပြင် စိတ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းလှ သုခနိဗ္ဗာန်တိုင်လိမ့်မယ်။

ဗြဟ္မစိုရ်လေးဆူ တရားဟူသည် နတ်၊ လူ ချစ်ဆေး ရှု့တိုင်းမွှေးကို မြတ်လေးဆောင်နွယ် ကင်းမဖယ်နဲ့၊ တင့်တယ်ဆက်တိုင်း ကြိုင်လိမ့်မယ်။

No comments: