Saturday, May 2, 2009

မင်းလေး က ကိုယ့်ရဲ့ ဘဝ


### ကောင်မလေးကကောင်လေးကိုမေးတယ်။
ကောင်မလေး ။ ။ နင်ငါ့ကို လှတယ်လို့ ထင်လား ?
ကောင်လေး ။ ။ ဟင့်အင်း ........မထင်ဘူး။
ကောင်မလေး ။ ။ နင်ငါနဲ့ အမြဲတမ်းနေချင်သလား ?
ကောင်လေး ။ ။ ဟင့်အင်း...
ကောင်မလေး ။ ။ ဒါဆို တကယ်လို့ ငါအဝေးကို ထွက်သွားရင် နင်ငိုမှာလား ?
ကောင်လေး ။ ။ ဟင့်အင်း

"အင်း ...ဒါတွေဟာ သိပ်ကို လုံလောက်တဲ့ အဖြေတွေပါပဲ...."


သူမ၀မ်းနည်းစွာတွေးရင်းနဲ့  အဝေးကို ထွက်သွားတဲ့အခါ မျက်ရည်တွေက အလိုလိုနေရင်း ပါးပြင်ပေါ် ကို ဆင်းသက်လာကြတယ်။

အဲဒီအချိန်မှာပဲ ကောင်လေးကကောင်မလေးကို နောက်ဘက်ကနေ သိုင်းဖက်လိုက်ပြီးပြောတယ်~

" နင်ကမလှပါဘူး။ဒါပေမဲ့ နင်ဟာဖြူစင်ပြီး သိပ်ချစ်ဖို့ကောင်းတယ်။ တကယ်ကငါနင်နဲ့ တသက်လုံး နေချင် တာ မဟုတ်ပါဘူး။နင်နဲ့ ထာဝရနေဖို့  လိုကို လိုအပ်တာပါ ။ နင်သာငါ့ရဲ့ အဝေးကို ထွက်သွားခဲ့ရင်ငါ့မှာငိုဖို့  အင်အားတွေတောင် ရှိမှာမဟုတ်တော့ပါဘူး။ငါ ...သေသွားမှာပဲ "

..........'' နင်ထင်သလို မဟုတ်ရပါဘူး ချစ်သူရယ်..နင့်ရဲ့ ခံစားချက်တိုင်းဟာ ငါ့ရဲ့  ခံစားချက်တွေပါပဲ။မင်းလေး က ကိုယ့်ရဲ့ ဘ၀ ပါကွယ်..."

No comments: