Thursday, June 18, 2009

သတိထားရမှာက ( Tha di Htar ya hmar gha )


စက်ရုံတွေဆိုတာ ပင်ကိုအားဖြင့်ကိုက အန္တရာယ်ရှိတဲ့နေရာတွေ ဖြစ်တယ်-ဆိုတဲ့အဆိုကို
ကော်လိုရာဒိုပြည်နယ် ဘိုလ်ဒါဒေသမှာရှိတဲ့ စက်ရုံတရုံရဲ့ သတိပေးဆိုင်းဘုတ်တခုက ထောက်ခံနေပါတယ်၊ ထိုသတိပေးဆိုင်းဘုတ်တွင် အောက်ပါအတိုင်း သတိပေးထားပါသည်-

အမျိုးသမီးငယ်များသို့ သတိပေးချက်-
အကယ်၍ သင်သည် ချောင်ချိရော့ရဲသော အ၀တ်များကို ၀တ်ဆင်ထားပါက စက်ရုံထဲတွင် ငြိပါမသွားစေရန် စက်ပစ္စည်းကိရိယာများကို ဂရုပြုသတိထားပါ၊
အကယ်၍ သင်သည် တင်းကျပ်သောအ၀တ်များကို ၀တ်ဆင်ထားပါက စက်ပြင်ဆရာများကို သတိထားပါ။
Posted by: mingala

No comments: