Thursday, June 18, 2009

တို့လဲ လမ်းပဲလျှောက်တော့မယ် ( Dote lel Lang bel Shout taute mel )


ကျွန်တော်နဲ့ ကျွန်တော့မိတ်ဆွေတဦးတို့ အစ္စရေးနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေကြစဉ်က ဖြစ်ပါသည်၊ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် ဂယ်လီလီပင်လယ်အတွင်း အပျော်လှေစီးကြရန် စဉ်းစားမိခဲ့ကြပါသည်၊

သို့ရာတွင် မော်တော်ဘုတ်ပိုင်ရှင်က မော်တော်ဘုတ်ငှါးခကို မတန်မဆ ဆိုနေပါသည်၊
သို့ဖြစ်၍ ကျွန်တော့မိတ်ဆွေက ခင်ဗျားကျွန်တော်တို့ကို ကျီစားနေတာလားဗျာ-ဟု ပြန်ပြောပါသည်၊
ထိုအခါ မော်တော်ဘုတ်ပိုင်ရှင်က ခင်ဗျားတို့က ပေါ့သေးသေး မထင်နဲ့၊ ဒီရေပြင်ဟာ ခရစ်တော်ကိုယ်တိုင် လမ်းလျှောက်ခဲ့တဲ့ ရေပြင်ဗျ-ဟု ဆိုပါသည်။

ကျွန်တော့မိတ်ဆွေက ဒါ-ဘာဆန်းလဲ၊ မော်တော်ဘုတ်ငှါးခက ဒီလောက်ဈေးကြီးနေတဲ့ဥစ္စာ-ဟု ပြန်ပြောလိုက်ပါသည်။
Posted by: mingala

No comments: